IELTS 8.0 ရရှိခဲ့တဲ့ မရေဗက္ကာမြင့်သွင်

Rebecca Myint Thwin, who got IELTS Band 8!

IELTS Band 8.0 ရရှိခဲ့တဲ့ မရေဗက္ကာမြင့်သွင် ကျွန်မ နာမည်က ရေဗက္ကာမြင့်သွင်ပါ။ မနှစ်က မေလတုန်းက ကျွန်မIGCSE ဖြေဆိုခဲ့ပါတယ်။ ပြီးတော့ ကျောင်းဝင်ခွင့်အတွက် IELTS ဖြေဖို့လုပ်ခဲ့ပါတယ်။ EduLink Australiaကို Junction Square မြင်တွေ့နေတာမို့ စိတ်ဝင်စားပြီး စုံစမ်းဖြစ်ခဲ့ပါတယ်။ ပြီးတော့ IELTS preparation အတန်းတက် ဖြစ်ခဲ့ပါတယ်။

ကျွန်မတို့ အတန်းကိုသင်ပေးတာက Teacher Anna ပါ။ Teacher ကအရမ်းသဘောကောင်းပါတယ်။ မှာတာမျိုးရှိရင်လည်း ဘယ်တော့မှ ဝေဖန်အပြစ်တင်တာမျိုးမလုပ်ဘဲ အားပေးပြီး အမှားပြင်ပေးလေ့ရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ အမြဲစေတနာထား သင်ကြားပေးပါတယ်။ ကျွန်မက အခု International Relations ဘာသာအဓိကနဲ့ Thai နိုင်ငံမှာ ပညာဆက်လက် သင်ကြားနေပါတယ်။

IELTS စာမေးပွဲက အချိန်နဲ့ကွက်တိ ဖြေရတာမို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မှန်မှန်ကန်ကန် ဖြေဆိုနိုင်ဖို့ အရေးကြီးပါတယ်။ ဥပမာ Reading မှာဆိုရင် ပေးထားတဲ့အချိန်အတွင်းမှာ စာပုဒ်တွေထဲက စာလုံးတစ်လုံးချင်းစီထိ နားလည်ဖို့ထက် ပေးထားတဲ့မေးခွန်းတွေကို နားလည်ပြီး စာပုဒ်ထဲက ဘယ်ဟာ အဓိကစာလုံး တွေလဲ၊ ဘာကိုဆိုလိုချင်တာလဲ စတာတွေကို နားလည်သဘောပေါက်ရင် ဖြေဆိုရတာလွယ်ကူပါတယ်။ အဲလိုမျိုး ဆိုလိုရင်းတွေကို နားလည်ပြီး မှန်မှန်ကန်ကန်ဖြေဆိုနိုင်ဖို့ ဆိုတာကလည်း ဆရာတွေရဲ့ သေချာလေ့ကျင့်ပေးမှုက အများကြီးအထောက်အကူဖြစ်ပါတယ်။ ပြီးတော့ Speaking test အတွက်ဆိုရင်လည်း ကိုယ်တိုင်လေ့ကျင့်တာထက် အချင်းချင်း အပြန်အလှန်ပြောပြီး လေ့ကျင့်တာမျိုးဆိုပိုကောင်းပါတယ်။

EduLink Australia မှာဆိုရင် အတန်းထဲမှာ မေးခွန်းဟောင်းတွေကို ပြန်ပြီးလေ့ကျင့်ရတာမို့ တကယ်တမ်း စာမေးပွဲဖြေတော့ မေးခွန်းပုံစံတွေကို မစိမ်းတော့ပဲ ပိုပြီးလွယ်လွယ်ကူကူ ဖြေဆိုနိုင်တယ်။ ပြီးတော့ Reading, Listening, Writing နဲ့ Speaking စတဲ့ အပိုင်းတွေအားလုံးကို ဘယ်လိုလေ့ကျင့်ရမလဲ၊ ဘာတွေသတိထားရမလဲ၊ ဘယ်လိုဖြေရမလဲကစလို့ အပြန်ပြန်အလှန်လှန် သေချာလေ့ကျင့်ပေးလို့ စာမေးပွဲမှာ ဖြေဆိုရတဲ့အခါ ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ခဲ့ပါတယ်။ . IELTS ဖြေဆိုမယ့်ကျောင်းသားတွေအတွက် မျှဝေချင်တာကတော့ IELTS ကို စနစ်တကျသင်ကြားပေးနိုင်တဲ့ ဆရာတွေနဲ့ လေ့လာသင့်ပါတယ်။ သေချာလည်း Practice လုပ်ပြီးသားဖြစ်စေတာမို့ စာမေးပွဲဖြေဖို့ အတွက် အရမ်းအထောက်အကူဖြစ်သေပါတယ်။

ပြီးတော့ မိမိကိုယ်တိုင်လည်း အားလပ်တဲ့အချိန်တွေမှာ ရုပ်ရှင်များများကြည့်ပေးတာမျိုးကလည်း လွယ်ကူတဲ့ Practice မျိုးဖြစ်ပြီး Listening နဲ့ Speaking Skill တွေလျှင်မြန်စွာ တိုးတက်ပါတယ်လို့ ပြောချင်ပါတယ်။

EduLink Australia မှာ IELTS Preparation Program တွေနဲ့ IELTS Strategy Program တက်ရောက်လိုပါက Phone +959 42111 9895, +959 731 62586 Building (4), Junction Square, Kamayut သို့ အချိန်မရွေး ဆက်သွယ်နိုင်တယ်။

(or) send us a Facebook message: http://goo.gl/v6dssm